အောင်ရိပ်သာရွာ၊ အရာတော်မြို့နယ်
အောင်ရိပ်သာရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ရေယိုကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၃၃၉၁ ဖြစ်သည်။ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၄၀၀ ခန့် ရှိသည်။ အောင်ရိပ်သာရွာကို ၁၂၅၆ ခုနှစ်တွင် တည်ခဲ့သည်။ ရွာတည်ခုနှစ်ကို "အိုင်ကြာပေါက်သည် ရွာစတည်" ဟူ၍ အလွယ် မှတ်သားကြသည်။ အောင်ရိပ်သာကျေးရွာသည် ယခုအခါ မုံရွာ-ရွှေဘိုလမ်းသစ် စီမံကိန်းကြောင့် တိုးတက်လျက်ရှိပြီး လျှပ်စစ်မီး ရရှိနေပြီဖြစ်သည်။
Read article